top of page
Search

အစ်ကိုတဲ့....

အဲအစ်ကိုကလေ ရုတ်တရက်ဆန်စွာပဲ ညီမဘဝထဲကိုဝင်လာခဲ့တာ။

ညီမကိုပဲအစ်ကိုအရမ်းချစ်ပါတယ်ဆိုပြီးလည်းပြောခဲ့သေးတယ်။

ဘယ်တော့မှခွဲမသွားမယ့်အပြင်တစ်နေ့သေချာပေါက်လက်ထပ်မှာလို့လည်း ကတိပေးသွားခဲ့သေးတာ။

စကားတစ်ခွန်းကိုမတည်နိုင်ဘူးထင်ရင်အစတည်းကလုံးဝကတိမပေးတတ်ပါဘူးဆိုတဲ့အစ်ကိုကလေ ညီမကို မတည်နိုင်တဲ့ကတိတွေအများကြီးပေးပြီးချစ်ပေးခဲ့တာ။

အရင်ကညီမဘယ်သူနဲ့ပဲတွဲခဲ့ဖူးပါစေ ညီမကိုအစ်ကိုချစ်နေသရွေ့ ညီမဟာအစ်ကို့တစ်ဦးတည်းရဲ့အပိုင်ပါတဲ့လေ။

ညီမတွေးမိတိုင်းအားနာခဲ့မိတယ်... အစ်ကို့အချစ်ကပိုပါတယ်နော်ဆိုပြီးအစ်ကိုငြင်းခဲ့တိုင်း အစ်ကိုညီမကိုချစ်သလောက် ညီမအစ်ကို့ကိုချစ်မပေးနိုင်ခဲ့တာအားနာခဲ့တယ်။

အခု ညီမဘက်က အစ်ကို့အချစ်ထက်ပိုပြီးချစ်မိချိန်ကျတော့ အစ်ကို့အချစ်တွေက ညီမအတွက်မရှိတော့ဘူးတဲ့လား။ ခုကျ ညီမတစ်ယောက်တည်းကပဲချစ်နေတော့တာတဲ့လား။ ဒါမှမဟုတ် အစတည်းက အစ်ကိုကမချစ်ခဲ့တာလား..။

အစ်ကိုသိလား... အလုပ်မအားတတ်တဲ့အစ်ကို စိတ်မရှည်တတ်တဲ့အစ်ကို့စီက စိတ်ရှည်လက်ရှည်ချစ်ပေးတာခံရတဲ့အခါ ဖုန်းစခေါ်တတ်တဲ့အခါ ညီမမှာ အတိုင်းမသိပျော်ရတယ် ။ အစ်ကိုညီမကိုချစ်သေးတာပဲဆိုပြီးတောင် ဘဝင်မြင်မိသေးတာ အစ်ကိုရဲ့။

ညီမ ချစ်မပြခဲ့မိတာလည်း မှားပါတယ် ။ တကယ်က အစ်ကိုပြောတဲ့ချစ်စရာစကားသေးသေးလေးတွေကအစ ညီမသိပ်သဘောကျတာ။ ဂရုမစိုက်ဟန်ဆောင်နေပြခဲ့မိတာ ​တောင်းပန်ပါတယ်။ အစ်ကိုစိတ်ကုန်စေခဲ့မိရင်လည်း ညီမပဲတောင်းပန်ပါတယ်။

စချစ်ခဲ့တာ အစ်ကို.... ဆက်ချစ်တော့ ညီမပေါ့....

ချစ်ဟန်ဆောင်ပြခဲ့တာလည်းကျေးဇူးတင်ပါတယ် အစ်ကို ။


 
 
 

Recent Posts

See All
မင်းကိုချစ်တယ်❤

ဒီနေ့က သာမန်နေ့တစ်နေ့ပါပဲ... ဒါပေမဲ့ ထူးခြားတယ်... ဒီနေ့လေးမှာ ကျွန်တော်ချစ်ရတဲ့သူမက လူ့လောကထဲကို စတင်ဝင်ရောက်ခဲ့တာလေ.....

 
 
 

Comments


Post: Blog2_Post

©2021 by 𝗟 𝗠 𝗜 𝗥 𝗟. Proudly created with Wix.com

bottom of page