အဲဒီအရာလေးကသိပ်ခက်ခဲနေသလားဟင်?
- kolukanma
- Sep 4, 2021
- 1 min read
ယောက်ျားလေးတစ်ယောက်အတွက် မိန်းကလေးတစ်ယောက်ကိုပဲသတ်သတ်မှတ်မှတ်ချစ်ပေးဖို့က ခက်ခဲနေသလား?
နှစ်ယောက်တစ်ကမ္ဘာဆိုပြီး နှစ်ယောက်တည်းပဲ ချစ်ပေးနေဖို့က ခက်ခဲသလား?
ဒီလူသားကိုပိုင်ဆိုင်ထားပါတယ်ဆိုပြီးဂုဏ်ယူဖို့မထိုက်တန်လို့လား?
ဒါငါ့ချစ်သူပါဆိုပြီးထုတ်ပြဖို့ကရှက်ဖို့ကောင်းနေတာလား?
ဒါမှမဟုတ်
သူကငါ့ချစ်သူပါဆိုပြီးထုတ်ပြလိုက်ရင် အခြားကောင်မလေးတွေ အခြားကောင်လေးတွေနဲ့ အီစီကလီလုပ်မရတော့မှာစိုးရိမ်လို့လား?
ဘာလဲ ကြိုးရှည်ရှည်နဲ့လှန်ပြီးရောနေတဲ့စော်လေးတွေ ဘဲလေးတွေ မကြိုက်ကြတော့မှာကြောက်လို့လား?
ကောင်လေးက ကောင်မလေးကို ချစ်တယ် ကောင်မလေးကလည်းကောင်လေးကိုပဲချစ်တယ်
သူတို့အချင်းချင်းပိုင်ဆိုင်ထားရတာဂုဏ်ယူတယ်
ဒါငါ့ကမ္ဘာကြီးဆိုပြီးပတ်ကြွားနိုင်တယ်
အဲလိုလုပ်ဖို့က ခက်ခဲနေလို့လား??
အချို့အရာတွေက အပေါ်ယံဆန်ပေမယ့် အဲလိုအသေးအဖွဲလေးတွေကအစ ဂရုတစိုက်လုပ်ပေးတယ်ဆိုပြီး ပျော်ရွှင်ကြရတယ်။
ဒါပေမဲ့ အလိမ်ခံနေရမှန်းသာ သိသွားခဲ့ရင်တော့ ဘယ်လောက် စိတ်နာလိမ့်မလဲဆိုတာ တွေးကြည့်ရုံနဲ့သိသာပါတယ်။
အချို့အရာတွေမှာ အချစ်ခံနေရတယ်ဆိုပြီးပျော်နေတဲ့လူက အညာခံနေရမှန်းသိပေမယ့် မသိချင်ယောင်ဆောင်ထားကြတာ...
သူတို့ တုံးအနေတာမဟုတ်ဘူး တမင်မသိချင်ယောင်ဆောင်နေတာ..
အလိမ်ခံရပါများလို့ စိတ်နာလာရင်တော့ ကိုယ့်ထိုက်နဲ့ကိုယ့်ကံပေါ့.... ဘယ်လိုမှသူတို့တန်ဖိုးထားမခံရမှန်းနားလည်သွားရင်တော့ သူတို့တကယ်လက်လွှတ်လိုက်မှာ....
ကြားဖူးတယ်မဟုတ်လား.. မိန်းမတစ်ယောက်စိတ်နာသွားရင် ဘာကိုမှ လှည့်မကြည့်တတ်တော့ဘူး တဲ့လေ...။

Comments